3. တကျွန်းတနိုင်ငံသား၌ တောင်းရသောအခွင့်ရှိ၏။ ညီအစ်ကို၌ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲ လွှတ်ရမည်။
4. သင်၌ ဆင်းရဲသားမရှိစေခြင်းငှာ၊ ထိုသို့ပြုရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားသည် အမွေခံဘို့ရာ အပိုင်ပေးတော်မူသောပြည်၌ သင့်ကို အလွန် ကောင်းကြီးပေးတော်မူမည်။
5. ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လော့။
6. သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့်မည်။ သူတို့သည် သင့်အား ချေးငှားသော အခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့သည် သင့်ကို အစိုးမပိုင်ရကြ။
7. သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်တွင်၊ မြို့တစုံတမြို့၌ ဆင်းရဲသော ညီအစ်ကိုချင်းရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။