3. စက်ဆုပ်ရွံ့ရှာဘွယ်သောအရာကို သင်တို့မစားရ။
4. စားရသောတိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊
5. သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရအစရှိသော၊
6. ခွါကွဲပြား၍ စားမြုံ့ပြန်သောသားများကို စားရသောအခွင့်ရှိ၏။
7. သို့သော်လည်း စားမြုံ့ပြန်သောသား၊ ခွာကွဲပြားသောသားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုပ်၊ အာရနဘက်၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
8. ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။
9. ရေ၌နေသော တိရစ္ဆာန်တကာတို့တွင် အယပ်နှင့် အကြေးရှိသော တိရစ္ဆာန်ကိုသာ စားရ၏။
10. အယပ်နှင့် အကြေးမရှိသော တိရစ္ဆာန်ကို မစားရ။ သင်တို့၌ မစင်ကြယ်။
11. စင်ကြယ်သောငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။
12. မစားရသောငှက်ဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊
13. ဒါဟ၊ စွန်၊ လင်းတကြမ်းမျိုး၊