31. သူတို့ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားအားသင်မပြုရ။ သူတို့သည်၊ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား၌ ပြုကြပြီ။ ကိုယ်သားသမီးကိုပင် သူတို့ဘုရားအားဝတ်ပြု၍ မီးရှို့ကြပြီ။
32. ငါမှာထားသမျှတို့ကိုကျင့်အံ့သောငှာ စောင့်ရှောက်လော့။ ထပ်၍မပိုရ၊ နှုတ်၍ မလျော့စေရ။