တ​ရား​ဟော 12:24-28 Judson Bible (BJB)

24. ထို့ကြောင့် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။

25. သင်သည် ထာဝရဘုရားနှစ်သက်တော်မူဘွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာနေရမည်အကြောင်း၊ အသွေးကို ရှောင်ရမည်။

26. သင်၌ သန့်ရှင်းသောပူဇော်သက္ကာ၊ သစ္စာဂတိအတိုင်းပြုသော ပူဇော်သက္ကာတို့ကိုယူ၍၊ ထာဝရဘုရားရွေးကောက်တော်မူသောအရပ်သို့ သွားရမည်။

27. အသားနှင့် အသွေးကိုရောနှော၍၊ မီးရှို့ရာယဇ်တို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရမည်။ ယဇ်ကောင်အသွေးကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း၍၊ အသားကိုစားရမည်။

28. သင်၏ဘုရားသခင် ထာဝရဘုရားနှစ်သက်မြတ်နိုးတော်မူဘွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ ငါမှာထားသမျှသော ဤစကားတို့ကို စေ့စေ့နားထောင်၍ စောင့်ရှောက်လော့။

တ​ရား​ဟော 12