20. သင်၏ဘုရားသခင်ထာဝရဘုရားသည် ဂတိတော်ရှိသည်အတိုင်း၊ သင်၏နေရာ ပြည်ကို ကျယ်စေတော်မူသောအခါ၊ သင်သည် အမဲသားကိုစားချင်သောစိတ်ရှိ၍၊ အမဲသားကို ငါစားမည်ဟုဆိုလျှင်၊ စားချင်တိုင်းစားရသောအခွင့်ရှိ၏။
21. သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုတည်စေဘို့ရာ ရွေးကောက်တော်မူသောအရပ်သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေး တော်မူသောသိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသောအခွင့်ရှိ၏။
22. သမင်၊ ဒရယ်ကိုစားသကဲ့သို့ စားရမည်။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် ရောနှော၍စားရသောအခွင့်ရှိကြ၏။
23. သို့ရာတွင်၊ အသွေးကိုမစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌တည်၏။ အသားနှင့်တကွ အသက်ကိုမစားရ။