တ​ရား​ဟော 12:15-18 Judson Bible (BJB)

15. သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရားကောင်းကြီးပေးတော်မူ သည်အတိုင်း၊ သင်တို့နေရာအရပ်ရပ်၌ စားချင်သောအလိုသို့လိုက်၍ သတ်စားရ သောအခွင့်ရှိကြ၏။ သမင်၊ ဒရယ်ကိုစားသကဲ့သို့၊ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစားရကြမည်။

16. သို့ရာတွင်အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။

17. စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တွင် ပူဇော်သောတဘို့၊ သိုးနွားတွင် အဦးဘွားသောသားငယ်၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ ချီမြှောက်ရာပူဇော်သက္ကာ တစုံတခုကိုမျှ၊ သင်တို့သည် ကိုယ်နေရာအရပ်၌ မစားရကြ။

18. သင်တို့၏ဘုရားသခင် ထာဝရဘုရားရွေးကောက်တော်မူသောအရပ်၌၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ၍သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တည်းခိုသောလေဝိသားတို့သည် စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကိုပြုရကြမည်။

တ​ရား​ဟော 12