တ​ရား​ဟော 11:9-14 Judson Bible (BJB)

9. ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အား ပေးခြင်းငှာကျိန်ဆိုတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်၌ သင်တို့အသက် တာရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသောပညတ်တို့ကို စောင့်ရှောက်ရကြမည်။

10. သင်တို့သွား၍ ဝင်စားလတံ့သောပြည်သည်ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်းရသောပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။

11. သင်တို့သွား၍ ဝင်စားလတံ့သောပြည်သည်တောင်များ၊ ချိုင့်များနှင့် ပြည့်စုံ၍ မိုဃ်းရေကိုသောက်သောပြည်၊

12. သင်တို့၏ဘုရားသခင် ထာဝရဘုရားပြုစု၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည်ဖြစ်၏။

13. သင်တို့ဘုရားသခင် ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသောပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊

14. သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကိုစုသိမ်းစေခြင်းငှာ အရင်မိုဃ်း၊ နောက်မိုဃ်းတည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သောမိုဃ်းရေကို ငါပေးမည်။

တ​ရား​ဟော 11