24. သင်တို့သည် ခြေနှင့် နင်းသမျှသောအရပ်ကိုပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနား တိုင်အောင်၎င်း၊ မြေတရှောက်လုံးသည် သင်တို့၏နိုင်ငံအဝင်ဖြစ်လိမ့်မည်။
25. သင်တို့ရှေ့မှာ အဘယ်သူမျှမရပ်မနေနိုင်အောင်၊ သင်တို့နင်းသောမြေအရပ်၌ ရှိသောသူအပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်မည်အကြောင်း၊ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။
26. ယနေ့ကောင်းကြီးပေးခြင်းနှင့် ကျိန်ခြင်းတည်းဟူသောဤနှစ်ပါးကို သင်တို့ရှေ့မှာငါထား၏။
27. ယနေ့ငါဆင့်ဆိုသော သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို နားထောင်လျှင်မူကား၊ ကောင်းကြီးပေးခြင်း၊
28. သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင်၍၊ မသိဘူးသော အခြားတပါးသောဘုရားကို မှီဝဲဆည်းကပ်လျှင်မူကား ကျိန်ခြင်းကိုငါထား၏။