တ​ရား​ဟော 10:13-15 Judson Bible (BJB)

13. သင်၏အကျိုးကိုထောက်၍ ယနေ့ငါဆင့်ဆိုသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်ခြင်းအမှုမှတပါး၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် အဘယ်အမှုကိုတောင်းတော်မူသနည်း။

14. မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကို၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားပိုင်တော်မူ၏။

15. သို့ရာတွင်ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကိုချစ်ခင်မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုးအနွယ်တည်းဟူသောသင့်ကို၊ အခြားသောလူမျိုးတကာ တို့တွင် ရွေးကောက်တော်မူ၏။

တ​ရား​ဟော 10