တ​ရား​ဟော 1:43-46 Judson Bible (BJB)

43. ငါဆင့်ဆိုသော်လည်း သင်တို့သည်နားမထောင်၊ ထာဝရဘုရား၏ အမိန့်တော်ကိုငြင်းဆန်၍ ခိုင်ခံ့သောစိတ်နှင့် တောင်ပေါ်သို့တက်ကြ၏။

44. ထိုအခါတောင်ပေါ်မှာရှိနှင့်သော အာမောရိအမျိုးသားတို့သည် သင်တို့တဘက်၌ထွက်လာလျက်၊ ပျားများအုံ၍လိုက်သကဲ့သို့ သင်တို့ကိုလိုက်၍၊ စိရအရပ်၊ ဟောမာမြို့တိုင်အောင်ဖျက်ဆီးကြ၏။

45. သင်တို့သည်လည်းပြန်လာ၍ ထာဝရဘုရားရှေ့တော်၌ ငိုကြွေးကြ၏။ သို့သော်လည်း သင်တို့စကားကို ထာဝရဘုရား နားထောင်နားယူတော်မမူ။

46. ထိုကြောင့် ကာဒေရှအရပ်၌အရင်နေသကဲ့သို့ ကြာမြင့်စွာနေပြန်ရကြ၏။

တ​ရား​ဟော 1