တ​ရား​ဟော 1:25-28 Judson Bible (BJB)

25. ထိုပြည်၌ရသော သစ်သီးကိုထမ်း၍ဆောင်ခဲ့လျက်၊ ငါတို့ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်သည် ကောင်းသောပြည်ဖြစ်၏ဟု ကြားပြော ကြသော်လည်း၊

26. သင်တို့သည်မသွားဘဲ၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို ဆန်လျက်၊

27. ထာဝရဘုရားသည် ငါတို့ကိုမုန်း၍ဖျက်ဆီးချင်သောကြောင့်၊ အာမောရိလူတို့ လက်၌အပ်လိုသောငှါ၊ အဲဂုတ္တုပြည်မှနှုတ်ဆောင်တော်မူသည်တကား။

28. ငါတို့သည် အဘယ်သို့သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ၍ကြီး၏။ အရပ်လည်းသာ၍မြင့်၏။ မြို့လည်း မိုဃ်းကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ၏။ ထိုပြည်၌လည်း၊ အာနကအမျိုးသားတို့ကိုမြင်ရ၏ဟု ငါတို့စိတ်ကိုဖျက်ကြပြီဟု သင်တို့သည် တဲများ၌ဆန့်ကျင်ဘက်ပြုကြ၏။

တ​ရား​ဟော 1