တော​လည် 7:37-53-54 Judson Bible (BJB)

4-5. ထာဝရဘုရားကလည်း သင်သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ခံယူ၍ အမှုကိုဆောင်ရွက်ရသည့်အတိုင်း လေဝိသား အသီးသီးတို့အားပေးလော့ဟု မိန့်တော်မူ၏။

37. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍အပြည့်ထည့်သောမုန့်ညက်၊

38. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

39. မီးရှို့ရာယဇ်ဘို့အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

40. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

41. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို ဇုရိရှဒ္ဒဲသားရှေလုမျေလသည်ပူဇော် လေ၏။

42. ဆဌမနေ့၌ ဂဒ်အမျိုးတွင်မင်းဖြစ်သော ဒွေလသား၊ ဧလျာသပ်ဆက်သော ပူဇော်သက္ကာဟူမူကား၊

43. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသောငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊

44. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

45. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

46. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

47. မိဿဟာယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို ဒွေလသား ဧလျာသပ်သည် ပူဇော်လေ၏။

48. သတ္တမနေ့၌ ဧဖရိမ်အမျိုးတွင်မင်းဖြစ်သော အမိဟုဒ်သားဧလိရှမာဆက်သော ပူဇော်သက္ကာဟူမူကား၊

49. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊

50. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

51. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

52. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်

53-54. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို၊ အမိဟုဒ်သားဧလိရှမာသည် ပူဇော် လေ၏။

တော​လည် 7