တော​လည် 7:15-31 Judson Bible (BJB)

15. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

16. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

17. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို အမိနဒပ်သားနာရှုန်သည် ပူဇော်လေ၏။

18. ဒုတိယနေ့၌ ဣသခါအမျိုးတွင်မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သက္ကာဟူမူကား၊

19. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍အပြည့်ထည့်သောမုန့်ညက်၊

20. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသော ရွှေဇွန်း

21. မီးရှို့ရာယဇ်ဘို့အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

22. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

23. မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သောသိုးသငယ်ငါးကောင်တို့ကို ဇုအာသားနာသနေလသည် ပူဇော်လေ ၏။

24. တတိယနေ့၌ ဇာဗုလုန်အမျိုးတွင်မင်းဖြစ်သော ဟေလုန်သားဧလျာဘဆက်သော ပူဇော်သက္ကာဟူမူကား၊

25. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊

26. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

27. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

28. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

29. မိဿဟာယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သောသိုးသငယ်ငါးကောင်တို့ကို ဟေလုန်သား ဧလျာဘသည် ပူဇော်လေ၏။

30. စတုတ္ထနေ့၌ ရုဗင်အမျိုးတွင်မင်းဖြစ်သော ရှေဒုရသားဧလိဇုရဆက်သော ပူဇော်သက္ကာဟူမူကား၊

31. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊

တော​လည် 7