တော​လည် 7:1-11 Judson Bible (BJB)

1. မောရှေသည် တဲတော်ကိုထူထောင်၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို၎င်း၊ ယဇ်ပလ္လင်နှင့် ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို၎င်း၊ ဆီလူး၍ သန့်ရှင်းစေခြင်းအမှုကို လက်စသတ်သောနေ့၌၊

2. စာရင်းဝင်သောသူတို့ကိုအုပ်၍ ဣသရေလအမျိုးအနွယ်အသီးသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေအမျိုးသူကြီးမင်းတို့သည်၊

3. မင်းတပါးနွားထီးတကောင်စီ၊ မင်းနှစ်ပါး၊ အမိုးပါသောရထားတခုစီ၊ ရထားခြောက်ခု၊ နွားဆယ်နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ဆောင်ခဲ့၍ ထာဝရ ဘုရားအား ပူဇော်သက္ကာပြုကြ၏။

6. မောရှေသည် ရထားနှင့် နွားတို့ကိုခံယူ၍ လေဝိသားတို့အားပေးသဖြင့်

7. အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာအုပ်သောဂေရရှုန်သားတို့အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကို၎င်း၊

8. မေရာရိသားတို့အားရထားလေးခုနှင့် နွားရှစ်ကောင်တို့ကို၎င်း ပေးလေ၏။

9. သန်ရှင်းရာဌာနတော်မူကိုစောင့်ရသော ကောဟတ်သားတို့သည် မိမိတို့ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အားရထားနှင့် နွားတို့ကိုမပေး။

10. ယဇ်ပလ္လင်ကိုဆီလူးသောနေ့၌ အနုမောဒနာပြုစရာဘို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသောပူဇော်သက္ကာကို ပြုကြ၏။

11. ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနုမောဒနာပြုစရာဘို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိပူဇော်သက္ကာကိုပြုရကြမည်ဟု မောရှေအား မိန့်တော်မူ၏။

တော​လည် 7