တော​လည် 6:19-27 Judson Bible (BJB)

19. ခြားနားသောဦးဆံကိုရိတ်ပြီးမှ၊ ယဇ်ပုရောဟိတ်သည် ပြုတ်သော ဆိတ်ပခုံးတဘက်၊ တောင်းထဲကတဆေးမဲ့မုန့်ပြားတပြား၊ တဆေးမဲ့မုန့်ကြွပ်တချပ်ကို ယူ၍ နာဇရိလူလက်၌ထည့်ပြီးလျှင်၊

20. ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာဘို့ ချီလွှဲရမည်။ ထိုအရာတို့သည်၊ ချီလွှဲရာရင်ပတ်၊ ချီလွှဲရာပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဘို့ သန့်ရှင်းရမည်။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကိုသောက်ရသောအခွင့်ရှိ၏။

21. ဤရွေ့ကား၊ သစ္စာပြုသောနာဇရိလူသည် အလိုအလျောက် တက်နိုင်သမျှတပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအားဆက်ရသော ပူဇော်သက္ကာနှင့် ဆိုင်သော တရားပေတည်း။ သစ္စာပြုသည်အတိုင်း ခြားနားခြင်းတရားနှင့်အညီပြုရမည်ဟု မိန့်တော်မူ၏။

22. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရမည်မှာ၊

23. သင်တို့သည်၊ ဣသရေလအမျိုးသားတို့အားကောင်းကြီးပေး၍ မြွက်ရသော စကားဟူမူကား၊

24. ထာဝရဘုရားသည်၊ သင့်ကိုကောင်းကြီးပေး၍ စောင့်မတော်မူပါစေသော။

25. ထာဝရဘုရားသည် သင်၌မျက်နှာတော်အလင်းကိုလွှတ်၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော။

26. ထာဝရဘုရားသည် သင့်ကိုမြော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသောဟု

27. ဣသရေလအမျိုးသားတို့အပေါ်မှာ ငါ့နာမကို မြွက်ဆို၍တင်လျှင် ငါသည်ထိုသူတို့ကို ကောင်းကြီးမင်္ဂလာပေးမည်ဟု မိန့်တော်မူ၏။

တော​လည် 6