တော​လည် 6:12-18 Judson Bible (BJB)

12. အရင်ခြားနားစေသောကာလကို ထာဝရဘုရားအဘို့ တဖန်ခြားနားစေ၍ အခါမလည်သော သိုးသငယ်တကောင်ကို ဒုစရိုက်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အရင်ခြားနားခြင်းပျက်သောကြောင့် လွန်သောကာလပျောက်ရမည်။

13. ခြားနား၍နေသောကာလစေ့ပြီးမှ၊ နာဇရိလူစောင့်ရသောတရားဟူမူကား၊ သူသည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့လာ၍၊

14. မီးရှို့ရာယဇ်ဘို့ အခါမလည်၊ အပြစ်မပါသော သိုးသငယ်အထီးတကောင် အပြစ်ဖြေရာယဇ်ဘို့ အခါမလည်အပြစ်မပါသော သိုးသငယ်အမတကောင် မိဿဟာယယဇ်ဘို့ အပြစ်မပါသောဆိတ်တကောင်၊

15. ဆီရောသောမုန့်ညက်နှင့်လုပ်သောမုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့မုန့်တတောင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာကို ထာဝရဘုရားအားဆက်ရမည်။

16. ထိုပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း၍ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။

17. တဆေးမဲ့မုန့်တတောင်းနှင့်တကွ၊ မိဿဟာယယဇ်ဆိတ်ကို၎င်း ဘောဇဉ်ပူဇော်သက္ကာသွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအားပူဇော်ရမည်။

18. နာဇရိလူသည်၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ မိမိခြားနားသော ဦးဆံကိုရိတ်၍၊ ထိုဆံကို မိဿဟာယယဇ်အောက်၌ရှိသော မီးထဲမှာထည့်ရမည်။

တော​လည် 6