47. ပရိသတ်စည်းဝေးရာ တဲတော်အမှုတော်ကိုစောင့်၍ ဝန်များကိုထမ်းခြင်းငှါ ဝင်သောသူအပေါင်းတို့ကို၊
48. ဘိုးဘအဆွေအမျိုးအလိုက်မောရှေနှင့် အာရုန်အစရှိသောဣသရေလအမျိုး သူကြီးတို့သည်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား ရှစ်ထောင် ငါးရာရှစ်ဆယ်ရှိသတည်း။
49. မောရှေ၌ထာဝရဘုရားထားတော်မူသော ပညတ်တော်အတိုင်း လူအသီးသီး စောင့်ရသောအမှု၊ အသီးအသီးထမ်းရသောဝန်တို့ကို ထောက်၍မရ၊ မောရှေရေတွက်သတည်း။