တော​လည် 4:41-46 Judson Bible (BJB)

41. ဤသူတို့သည် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်သည်ရေတွက်၍ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်နေရသော ဂေရရှုန်အဆွေအမျိုးသားပေတည်း။

42. မေရာရိသားတို့တွင်အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

43. ပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘအဆွေအမျိုးအလိုက်ရေတွက်၍

44. စာရင်းသွင်းသောလူပေါင်းကား သုံးထောင်နှစ်ရာရှိသတည်း။

45. ဤသူတို့သည် မောရှေ၌ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်သည် ရေတွက်သောမေရာရိအဆွေအမျိုးသားပေတည်း။

46. ထိုသို့နှင့်အညီ၊ လေဝိသားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

တော​လည် 4