35. ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊
36. ဘိုးဘ အဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသတည်း။
37. ဤသူတို့သည်မောရှေ၌ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်သည်ရေတွက်၍ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ရသော ကောဟတ်အဆွေအမျိုးသားပေတည်း။
38. ဂေရုရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
39. ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှါ၊
40. အလုံးအရင်းဝင်သောသူအပေါင်းတို့ကို ဘိုးဘအဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား နှစ်ထောင်ခြောက်ရာသုံးဆယ်ရှိသတည်း။
41. ဤသူတို့သည် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်သည်ရေတွက်၍ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်နေရသော ဂေရရှုန်အဆွေအမျိုးသားပေတည်း။
42. မေရာရိသားတို့တွင်အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
43. ပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘအဆွေအမျိုးအလိုက်ရေတွက်၍