တော​လည် 35:7-12 Judson Bible (BJB)

7. ထိုသို့လေဝိသားတို့အားပေးရသော မြို့ပေါင်းကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း။

8. ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲကနှုတ်ရမည်။ များသောမြေကိုရသောသူသည် များသောမြို့၊ နည်းသောမြေကိုရသောသူသည် နည်းသောမြို့တို့ကိုပေးရမည်။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲကနှုတ်၍ လေဝိသားတို့အားပေးရမည်။

9. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

10. သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍၊ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊

11. လူအသက်ကိုအမှတ်တမဲ့သတ်မိသောသူပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားရမည်။

12. ထိုမြို့တို့ကား၊ လူအသက်ကိုသတ်သောသူသည် ပရိသတ်ရှေ့သို့ရောက်၍၊ တရားစီရင်ခြင်းကို မခံမှီတိုင်အောင်၊ သေစားသေစေသောသူ၏လက်မှလွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။

တော​လည် 35