တော​လည် 35:1-3 Judson Bible (BJB)

1. မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်တော်မူ၍၊

2. သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိသားတို့နေစရာဘို့ မြို့တို့ကို၎င်း၊ မြို့ပတ်လည်နယ်တို့ကို၎င်း၊ ပေးရကြမည်။

3. ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ်၍၊ မြို့ပတ်လည်နယ်တို့၌ သိုးနွား အစရှိသောတိရစ္ဆာန်များနှင့် ဥစ္စာများကိုထားရမည်။

တော​လည် 35