6. အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက်အပိုင်းအခြားဖြစ်ရမည်။
7. မြောက်ဘက်အပိုင်းအခြားသည် ကြီးသောပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊
8. ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊
9. ဇိဖြုန်ရွာကိုရှောက်၍ ဟာဇရေနန်ရွာ၌ဆုံးရမည်။
10. အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှထွက်၍ ရှေဖံရွာသို့ရောက်ပြီးလျှင်၊
11. အဣနရွာအရှေ့၌ရှောက်၍ ရိဗလရွာသို့သွားရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင်အရှေ့ကမ်းကို ရှောက်သဖြင့်၊
12. ယော်ဒန်မြစ်ကိုလိုက်၍ သောဒုံအိုင်၌ဆုံးရမည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသောပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။
13. မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည်စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုးတဝက်၌ ဝေပေးရသောပြည်ဖြစ်သတည်း။
16. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
17. အမျိုးသားတမျိုးလျှင် မင်းတပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုတို့နှင့် ဝိုင်းလျက်၊
18. ခါနာန်ပြည်ကိုဝေ၍ သင်တို့အားအမွေပေးရကြမည်။
19. ရွေးရသောမင်းတို့၏အမည်ကား၊ ယုဒအမျိုးသားထဲက ယေဖုန္နာသား ကာလက်။
20. ရှိမောင်အမျိုးသားထဲက အမိဟုဒ်သားရှေမွေလ။
21. ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သားဧလိဒဒ်။
22. ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသားဗုက္ကိ။
23. ယောသပ်သားတို့တွင် မနာရှေအမျိုးကိုအုပ်စိုးသောသူ၊ ဧဖုဒ်သားဟံယေလ။
24. ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သားကေမွေလ။
25. ဇာဗုလုန်အမျိုးကိုအုပ်စိုးသောသူ၊ ပါနက်သားဧလိဇဖန်။
26. ဣသခါအမျိုးကိုအုပ်စိုးသောသူ၊ အဇ္ဇန်သားပါလတေလ။