တော​လည် 34:16-29 Judson Bible (BJB)

16. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

17. အမျိုးသားတမျိုးလျှင် မင်းတပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုတို့နှင့် ဝိုင်းလျက်၊

18. ခါနာန်ပြည်ကိုဝေ၍ သင်တို့အားအမွေပေးရကြမည်။

19. ရွေးရသောမင်းတို့၏အမည်ကား၊ ယုဒအမျိုးသားထဲက ယေဖုန္နာသား ကာလက်။

20. ရှိမောင်အမျိုးသားထဲက အမိဟုဒ်သားရှေမွေလ။

21. ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သားဧလိဒဒ်။

22. ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသားဗုက္ကိ။

23. ယောသပ်သားတို့တွင် မနာရှေအမျိုးကိုအုပ်စိုးသောသူ၊ ဧဖုဒ်သားဟံယေလ။

24. ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သားကေမွေလ။

25. ဇာဗုလုန်အမျိုးကိုအုပ်စိုးသောသူ၊ ပါနက်သားဧလိဇဖန်။

26. ဣသခါအမျိုးကိုအုပ်စိုးသောသူ၊ အဇ္ဇန်သားပါလတေလ။

27. အာရှာအမျိုးကိုအုပ်စိုးသောသူ၊ ရှေလောမိသားအဘိဟုဒ်။

28. နဿလိအမျိုးကိုအုပ်စိုးသောသူ၊ အမိဟုဒ်သားပေဒဟေလတည်း။

29. ဤသူတို့သည် ခါနာန်ပြည်၌ ဣသရေလအမျိုးသားတို့အား အမွေမြေကို ဝေပေးစေခြင်းငှါ ထာဝရဘုရားခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း။

တော​လည် 34