တော​လည် 33:35-39 Judson Bible (BJB)

35. ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ်၌ စားခန်းချကြ၏။

36. ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ဇိနတော၊ ကာဒေရှအရပ်၌စားခန်းချကြ၏။

37. ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာဟောရတောင်၌ စားခန်းချကြ၏။

38. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဥ္စမလ ပဌမနေ့ရက်၌ ထာဝရဘုရားအမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့တက်၍ အနိစ္စရောက်လေ၏။

39. အာရုန်သည်ဟောရတောင်ပေါ်မှာ အနိစ္စရောက်သောအခါ၊ အသက် တရာနှစ်ဆယ်သုံးနှစ်ရှိသတည်း။

တော​လည် 33