23. ကေဟလာသအရပ်မှပြောင်း၍ ရှာဖာတောင်၌ စားခန်းချကြ၏။
24. ရှာဖာတောင်မှပြောင်း၍ ဟာရဒအရပ်၌ စားခန်းချကြ၏။
25. ဟာရဒအရပ်မှပြောင်း၍ မက္ကလုတ်အရပ်၌စားခန်းချကြ၏။
26. မက္ကလုတ်အရပ်မှပြောင်း၍ တာဟတ်အရပ်၌ စားခန်းချကြ၏။
27. တာဟတ်အရပ်မှပြောင်း၍ တာရအရပ်၌စားခန်းချကြ၏။
28. တာရအရပ်မှပြောင်း၍ မိသကာအရပ်၌စားခန်းချကြ၏။
29. မိသကာအရပ်မှပြောင်း၍ ဟာရှမောနအရပ်၌စားခန်းချကြ၏။
30. ဟာရှမောနအရပ်မှပြောင်း၍ မောသရုတ်အရပ်၌စားခန်းချကြ၏။
31. မောသရုတ်အရပ်မှပြောင်း၍ ဗင်္ယာကန်အရပ်၌ စားခန်းချကြ၏။
32. ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ်အရပ်၌ စားခန်းချကြ၏။
33. ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း၍ ယုပ္ဘသအရပ်၌စားခန်းချကြ၏။
34. ယုပ္ဘသအရပ်မှပြောင်း၍ ဧဗြောနအရပ်၌စားခန်းချကြ၏။
35. ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ်၌ စားခန်းချကြ၏။
36. ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ဇိနတော၊ ကာဒေရှအရပ်၌စားခန်းချကြ၏။
37. ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာဟောရတောင်၌ စားခန်းချကြ၏။
38. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဥ္စမလ ပဌမနေ့ရက်၌ ထာဝရဘုရားအမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့တက်၍ အနိစ္စရောက်လေ၏။
39. အာရုန်သည်ဟောရတောင်ပေါ်မှာ အနိစ္စရောက်သောအခါ၊ အသက် တရာနှစ်ဆယ်သုံးနှစ်ရှိသတည်း။
40. ခါနာန်ပြည်တောင်ပိုင်း၌နေသော ခါနနိရှင်ဘုရင်အာရဒ်သည် ဣသရေလအမျိုးသားရောက်ကြောင်းကို ကြားလေ၏။
41. သူတို့သည်ဟောရတောင်မှပြောင်း၍၊ ဇာလမောနအရပ်၌ စားခန်းချကြ၏။