11. ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စားခန်းချကြ၏။
12. သိန်တောမှပြောင်း၍ ဒေါဖကာအရပ်၌စားခန်းချကြ၏။
13. ဒေါဖကာအရပ်မှပြောင်း၍ အာလုရှအရပ်၌စားခန်းချကြ၏။
14. အာလုရှအရပ်မှပြောင်း၍ လူများသောက်စရာရေမရှိသော ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။
15. ရေဖိဒိမ်အရပ်မှပြောင်း၍ သိနာတော၌စားခန်းချကြ၏။
16. သိနာတောမှပြောင်း၍ ကိဗြုတ်ဟတ္တဝါအရပ်၌စားခန်းချကြ၏။
17. ကိဗြုတ်ဟတ္တဝါအရပ်မှပြောင်း၍ ဟာဇရုတ်အရပ်၌ စားခန်းချကြ၏။
18. ဟာဇရုတ်အရပ်မှပြောင်း၍ ရိသမအရပ်၌စားခန်းချကြ၏။
19. ရိသမအရပ်မှပြောင်း၍ ရိမ္မုန်ဖာရက်၌ စားခန်းချကြ၏။
20. ရိမ္မုန်ဖာရက်အရပ်မှပြောင်း၍ လိဗနရွာ၌စားခန်းချကြ၏။