1. မောရှေနှင့် အာရုန်စီရင်၍ အဲဂုတ္တုပြည်မှထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့သည် ခရီးသွားခြင်းအကြောင်းအရာများကို၊
2. ထာဝရဘုရားအမိန့်တော်အတိုင်း မောရှေမှတ်သား၍၊ ထိုခရီးသွားခြင်း အကြောင်းအရာပါသောစာရင်းဟူမူကား၊
3. ပဌမလတဆယ်ငါးရက်နေ့၌ ရာမသက်မြို့မှထွက်လာကြ၏။ ပသခါပွဲကို ခံပြီးသောနောက်၊ နက်ဖြန်နေ့၌ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုလူအပေါင်း တို့ရှေ့မှာဝါကြွားသောအခြင်းအရာနှင့် ထွက်လာကြ၏။
4. အကြောင်းမူကား၊ ထာဝရဘုရားဒဏ်ခတ်တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ၏။ သူတို့၏ဘုရားများကိုလည်း၊ ထာဝရဘုရားသည် တရားစီရင်တော်မူ၏။