တော​လည် 32:9-20 Judson Bible (BJB)

9. ဧရှကောလချောင်းသို့သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသောပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကိုဖျက်ကြ၏။

13. ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုကိုပြုသောလူအပေါင်းတို့သည် မပျက်စီးမှီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက်ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌လှည့်လည်စေတော်မူ၏။

14. ယခုမူကား၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကိုသာ၍ ပြင်းစွာအမျက်တော်ထွက်စေမည်အကြောင်း၊ သာ၍ဆိုးသောသူတည်းဟူသော သင်တို့သည် သင်တို့အဘများကိုယ်စားပေါ်ထကြပြီတကား။

15. သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွှဲသွားကြလျှင်၊ တဖန် ဣသရေလအမျိုးသားတို့ကို တော၌စွန့်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသားတို့အား ပြန်ပြော၏။

16. ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဘို့ ဤအရပ်၌သိုးခြံတို့ကို၎င်း၊ ကျွန်တော်တို့ သူငယ်များအဘို့ မြို့တို့ကို၎င်း တည်ပါမည်။

17. သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့နေရာအရပ်သို့ မပို့မဆောင်မှီတိုင်အောင်၊ ကျွန်တော်တို့သည်လက်နက်ကိုင်လျက် သူတို့ရှေ့မှာ သွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသောလူတို့ကြောင့် ကျွန်တော် တို့သူငယ်များသည် ခိုင်ခံ့သောမြို့၌နေရပါမည်။

18. ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံရသောမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့မပြန်မလာပါ။

19. ကျွန်တော်တို့သည် ယော်ဒန်မြစ်တဘက်၌ သူတို့နှင့်အတူ အမွေကို မတောင်းမခံပါ။ ကျွန်တော်တို့အမွေခံရာမြေသည် ယော်ဒန်မြစ်အရှေ့ဘက်၌ ကျပါသည်ဟု လျှောက်ပြန်ကြ၏။

20. မောရှေကလည်း၊ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ လက်နက်ကိုင်လျက် စစ်တိုက်သွားလျှင်၎င်း၊

တော​လည် 32