တော​လည် 32:39-42 Judson Bible (BJB)

39. မနာရှေမှဆင်းသက်သော မာခိရအမျိုးသားတို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင်မြို့သားအာမောရိလူတို့ကို နှင်ထုတ်ကြ၏။

40. မောရှေသည်ဂိလဒ်မြို့ကို မနာရှေ၏သားမာခိရအမျိုးသားတို့အားပေး၍ သူတို့သည်နေကြ၏။

41. မနာရှေအမျိုးသား ယာဣရသည်လည်းသွား၍ ဂိလဒ်ရွာများကိုသိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရအမည်ဖြင့် သမုတ်လေ၏။

42. နောဗာသည်လည်းသွား၍ ကေနတ်မြို့ရွာတို့ကိုသိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟု သမုတ်လေ၏။

တော​လည် 32