9. ဣသရေလအမျိုးသားတို့သည်၊ မိဒျန်မိန်းမများ၊ သူငယ်များတို့ကို လက်ရသိမ်းယူ၍၊ သိုး၊ ဆိတ်၊ နွားအစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။
10. မိဒျန်အမျိုးသားတို့နေသောမြို့ရွာရှိသမျှတို့ကို မီးရှို့ကြ၏။
11. ဘမ်းရသောလူ၊ တိရစ္ဆာန်နှင့်တကွ၊ လက်ရဥစ္စာအလုံးစုံတို့ကိုသိမ်းသွား၍၊
12. မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ တပ်ချလျက်နေသော မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ဣသရေလအမျိုးသားပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ၏။
13. မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာမှစ၍ပရိသတ်တို့၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာတပ်ပြင်သို့ ထွက်သွားကြ၏။
14. မောရှေသည် စစ်တိုက်ရာမှပြန်လာသော တပ်မှူးများ၊ ဗိုလ်မင်းများတို့ကို အမျက်ထွက်၍၊
15. သင်တို့သည် မိန်းမအပေါင်းတို့ကို အဘယ်ကြောင့် အသက်ရှင်စေကြသနည်း။
16. ဣသရေလအမျိုးသားတို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်းပေးသောအကြံကိုလိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ပရိသတ်၌ ဘေးရောက်လေသည် တကား။
17. ထိုကြောင့်၊ သူငယ်ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့် ဆက်ဆံဘူးသောမိန်းမအပေါင်းကို၎င်း၊ သတ်ကြလော့။