42. တဖန်စစ်တိုက်သောသူတို့လက်မှ မောရှေယူ၍၊ ဣသရေလအမျိုးသား၊
43. ပရိသတ်တို့ခံရသောထက်ဝက်အဘို့ကား၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ၊
44. နွားသုံးသောင်းခြောက်ထောင်၊
45. မြည်းသုံးသောင်းငါးရာ၊
46. လူတသောင်းခြောက်ထောင်ရှိသည်ဖြစ်၍
47. ဣသရေလအမျိုးသားခံရသောထက်ဝက်အဘို့ လူ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင်တကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကိုစောင့်သော လေဝိသားတို့အားပေး၏။ ထိုသို့ ထာဝရဘုရားမှာထားတော်မူ၏။
48. လူတရာ၊ တထောင်ကိုအုပ်သောတပ်မှူးများ၊ ဗိုလ်များတို့သည်လည်း၊ မောရှေထံသို့ချဉ်းကပ်၍၊
49. ကိုယ်တော်ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ကိုစာရင်းယူပြန်၍၊ လူတယောက်မျှမလျော့ပါ။