4. ဣသရေလအမျိုးအနွယ်တို့တွင် တမျိုးတမျိုးထဲက၊ လူတထောင်စီရွေး၍ စစ်ချီစေဟု စီရင်သည်အတိုင်း၊
5. ဣသရေလအမျိုးသား အထောင်အသောင်းတို့တွင် တမျိုးတမျိုးထဲက၊ စစ်တိုက်လက်နက်ပါသောသူတထောင်စီ၊ လူပေါင်းတသောင်းနှစ်ထောင်ကိုအပ်၍၊
6. မောရှေသည်ထိုသူတို့ကို၎င်း၊ သန့်ရှင်းသောလက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကိုကိုင်သော ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်ကို၎င်း စစ်ချီ စေ၏။
7. မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကိုတိုက်၍ လူယောက်ျားအပေါင်းတို့ကိုသတ်ကြ၏။
8. အသေသတ်ခြင်းကိုခံရသောသူတို့တွင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီးငါးပါးပါကြ၏။ ဗောရသားဗာလမ်ကိုလည်း ထားနှင့် သတ်ကြ၏။
9. ဣသရေလအမျိုးသားတို့သည်၊ မိဒျန်မိန်းမများ၊ သူငယ်များတို့ကို လက်ရသိမ်းယူ၍၊ သိုး၊ ဆိတ်၊ နွားအစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။
10. မိဒျန်အမျိုးသားတို့နေသောမြို့ရွာရှိသမျှတို့ကို မီးရှို့ကြ၏။
11. ဘမ်းရသောလူ၊ တိရစ္ဆာန်နှင့်တကွ၊ လက်ရဥစ္စာအလုံးစုံတို့ကိုသိမ်းသွား၍၊
12. မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ တပ်ချလျက်နေသော မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ဣသရေလအမျိုးသားပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ၏။
13. မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာမှစ၍ပရိသတ်တို့၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာတပ်ပြင်သို့ ထွက်သွားကြ၏။
14. မောရှေသည် စစ်တိုက်ရာမှပြန်လာသော တပ်မှူးများ၊ ဗိုလ်မင်းများတို့ကို အမျက်ထွက်၍၊