တော​လည် 31:1-2-5 Judson Bible (BJB)

1-2. တဖန်ထာဝရဘုရားက၊ မိဒျန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ်အလျောက် ဣသရေလအမျိုးသားဘက်၌နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်းဝေးရာသို့သွားရမည်ဟု မောရှေအားမိန့်တော်မူ၏။

3. မောရှေသည်လည်း လူများတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက်ကို ကိုင်လျက်၊ မိဒျန်အမျိုးသားတို့သို့စစ်ချီ၍ ထာဝရဘုရားဘက်၌ တရားစီရင်စေ။

4. ဣသရေလအမျိုးအနွယ်တို့တွင် တမျိုးတမျိုးထဲက၊ လူတထောင်စီရွေး၍ စစ်ချီစေဟု စီရင်သည်အတိုင်း၊

5. ဣသရေလအမျိုးသား အထောင်အသောင်းတို့တွင် တမျိုးတမျိုးထဲက၊ စစ်တိုက်လက်နက်ပါသောသူတထောင်စီ၊ လူပေါင်းတသောင်းနှစ်ထောင်ကိုအပ်၍၊

တော​လည် 31