15. သင်တို့သည် မိန်းမအပေါင်းတို့ကို အဘယ်ကြောင့် အသက်ရှင်စေကြသနည်း။
16. ဣသရေလအမျိုးသားတို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်းပေးသောအကြံကိုလိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ပရိသတ်၌ ဘေးရောက်လေသည် တကား။
17. ထိုကြောင့်၊ သူငယ်ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့် ဆက်ဆံဘူးသောမိန်းမအပေါင်းကို၎င်း၊ သတ်ကြလော့။
18. ယောက်ျားနှင့် မဆက်ဆံဘူးသော မိန်းမငယ်အပေါင်းတို့ကို၊ မိမိတို့အဘို့ အသက်ချမ်းသာပေးကြလော့။