တော​လည် 27:5-15-17 Judson Bible (BJB)

10. ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘကြီးဘထွေးတို့အား ပေးရမည်။

11. ဘကြီးဘထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌နီးစပ်ရင်းခြာသော ပေါက်ဘော်အားပေး၍၊ ထိုသူသည်ပိုင်ရမည်။ ဤရွေ့ကား၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေဟု မောရှေအားမိန့်တော်မူ၏။

12. တဖန်ထာဝရဘုရားက၊ သင်သည် ဤအာဗရိမ်တောင်ပေါ်သို့တက်လော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကိုကြည့်ရှုလော့။

13. သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုးစည်းဝေးရာသို့သွားသကဲ့သို့၊ သင်သည်လည်းသွားရမည်။

14. အကြောင်းမူကား၊ ပရိသတ်တို့သည်ဇိနတော၊ ကာဒေရှအရပ်၊ မေရိဘစမ်းရေအနား၌ ရုန်းရင်းခတ်ပြုကြသောအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက်ပြု၍၊ သူတို့ရှေ့မှာ ငါ့ကိုမရိုမသေပြုသောအပြစ်ရှိသည်ဟု မောရှေအား မိန့်တော်မူ၏။

တော​လည် 27