တော​လည် 26:50-61 Judson Bible (BJB)

50. ဤသူတို့သည် နဿလိအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းငါးထောင်လေးရာရှိသတည်း။

51. ထိုသို့ဣသရေလအမျိုး၊ စာရင်းဝင်သူလူပေါင်းကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ်ရှိသတည်း။

52. ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေအတွက်ရှိသည်အတိုင်း၊

53. ခါနန်ပြည်ကိုဝေရမည်။

54. လူများလျှင်များသောအမွေမြေကို၎င်း၊ လူနည်းလျှင် နည်းသော အမွေမြေကို၎င်း၊ အနည်းအများအလိုက်အသီးသီးတို့အား အမွေမြေကိုဝေပေးရမည်။

55. သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ဝေရမည်။ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။

56. စာရေးတံကျသည်အတိုင်း မြေကိုဝေ၍ အနည်းအများအလိုက် ပိုင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။

57. ဘိုးဘအဆွေအမျိုးအလိုက် စာရင်းဝင်သောလေဝိ၏သားဟူမူကား၊ ဂေရရှုန်မှ ဆင်းသက်သောဂေရရှောနိအဆွေအမျိုး၊ ကောဟတ်မှဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှဆင်းသက်သော မေရောရိတ်အဆွေအမျိုးတည်း။

58. ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ်၍၊ လိဗနိအဆွေအမျိုး၊ ဟေဗြောနိ အဆွေအမျိုး၊ မာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုး၊ ကောရသိအဆွေအမျိုး ပါသတည်း။ ကောဟတ်၏သားကား၊ အာမရံတည်း။

59. အာမရံ၏မယားကား၊ အဲဂုတ္တုပြည်၌ လေဝိမယားဘွားမြင်သော လေဝိ၏ သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကိုဘွားမြင်လေ၏။

60. အာရုန်၏သားကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။

61. နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါသေကြ၏။

တော​လည် 26