တော​လည် 26:46-58 Judson Bible (BJB)

46. အာရှာ၏သမီးအမည်ကား၊ စာရာတည်း။

47. ဤသူတို့သည်အာရှာအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ငါးသောင်းသုံးထောင်လေးရာရှိသတည်း။

48. ဘိုးဘအဆွေအမျိုးအလိုက် နဿလိ၏သားဟူမူကား၊ ယာဇေလမှ ဆင်းသက်သော ယာဇေလိအဆွေအမျိုး၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး၊

49. ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေအမျိုး၊ ရှိလ္လင်မှ ဆင်းသက်သော ရှိလ္လမိအဆွေအမျိုးတည်း။

50. ဤသူတို့သည် နဿလိအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းငါးထောင်လေးရာရှိသတည်း။

51. ထိုသို့ဣသရေလအမျိုး၊ စာရင်းဝင်သူလူပေါင်းကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ်ရှိသတည်း။

52. ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေအတွက်ရှိသည်အတိုင်း၊

53. ခါနန်ပြည်ကိုဝေရမည်။

54. လူများလျှင်များသောအမွေမြေကို၎င်း၊ လူနည်းလျှင် နည်းသော အမွေမြေကို၎င်း၊ အနည်းအများအလိုက်အသီးသီးတို့အား အမွေမြေကိုဝေပေးရမည်။

55. သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ဝေရမည်။ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။

56. စာရေးတံကျသည်အတိုင်း မြေကိုဝေ၍ အနည်းအများအလိုက် ပိုင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။

57. ဘိုးဘအဆွေအမျိုးအလိုက် စာရင်းဝင်သောလေဝိ၏သားဟူမူကား၊ ဂေရရှုန်မှ ဆင်းသက်သောဂေရရှောနိအဆွေအမျိုး၊ ကောဟတ်မှဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှဆင်းသက်သော မေရောရိတ်အဆွေအမျိုးတည်း။

58. ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ်၍၊ လိဗနိအဆွေအမျိုး၊ ဟေဗြောနိ အဆွေအမျိုး၊ မာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုး၊ ကောရသိအဆွေအမျိုး ပါသတည်း။ ကောဟတ်၏သားကား၊ အာမရံတည်း။

တော​လည် 26