တော​လည် 26:36-54 Judson Bible (BJB)

36. ရှုသေလ၏သားဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း။

37. ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ သုံးသောင်းနှစ်ထောင်ငါးရာရှိသတည်း။ ဤသူတို့သည် ဘိုးဘအဆွေအမျိုးအလိုက် ယောသပ်၏သားစဉ်မြေးဆက်ဖြစ်သတည်း။

38. ဘိုးဘအဆွေအမျိုးအလိုက် ဗင်္ယာမိန်၏သားဟူမူကား၊ ဗေလမှ ဆင်းသက်သောဗေလိအဆွေအမျိုး၊ အာရှဗေလမှဆင်းသက်သော အာရှဗေလိအဆွေအမျိုး၊ အဟိရံမှဆင်းသက်သော အဟိရမိအဆွေအမျိုး။

39. ရှုဖံမှဆင်းသက်သော ရှုဖမိအဆွေအမျိုး၊ ဟုဖံမှဆင်းသက်သော ဟုဖမိအဆွေအမျိုးတည်း။

40. ဗေလသားအာရဒမှဆင်းသက်သော အာရဒိအဆွေအမျိုး၊ နေမန်မှ ဆင်းသက်သော နေမနိအဆွေအမျိုးတည်း။

41. ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား လေးသောင်းငါးထောင်ခြောက်ရာရှိသတည်း။

42. ဘိုးဘအဆွေအမျိုးအလိုက် ဒန်၏သားဟူမူကား၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း။ ဤသူတို့သည် ဒန်အဆွေအမျိုးဖြစ်၍၊

43. စာရင်းဝင်သောရှုလမိလူပေါင်းကား၊ ခြောက်သောင်းလေးထောင်လေးရာ ရှိသတည်း။

44. ဘိုးဘအဆွေအမျိုးအလိုက် အာရှာ၏သားဟူမူကား၊ ယိမနမှဆင်းသက်သော ယိမနိအဆွေအမျိုး၊ ယေသဝိမှဆင်းသက်သော ယေသဝိအဆွေအမျိုး၊ ဗေရိတ်မှဆင်းသက်သော ဗေရိတ်အဆွေအမျိုးတည်း။

45. ဗေရိ၏သားဟေဗေရမှဆင်းသက်သော ဟေဗေရိအဆွေအမျိုး၊ မာလချေလမှ ဆင်းသက်သော မာလချေလိအဆွေအမျိုးတည်း။

46. အာရှာ၏သမီးအမည်ကား၊ စာရာတည်း။

47. ဤသူတို့သည်အာရှာအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ငါးသောင်းသုံးထောင်လေးရာရှိသတည်း။

48. ဘိုးဘအဆွေအမျိုးအလိုက် နဿလိ၏သားဟူမူကား၊ ယာဇေလမှ ဆင်းသက်သော ယာဇေလိအဆွေအမျိုး၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး၊

49. ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေအမျိုး၊ ရှိလ္လင်မှ ဆင်းသက်သော ရှိလ္လမိအဆွေအမျိုးတည်း။

50. ဤသူတို့သည် နဿလိအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းငါးထောင်လေးရာရှိသတည်း။

51. ထိုသို့ဣသရေလအမျိုး၊ စာရင်းဝင်သူလူပေါင်းကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ်ရှိသတည်း။

52. ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေအတွက်ရှိသည်အတိုင်း၊

53. ခါနန်ပြည်ကိုဝေရမည်။

54. လူများလျှင်များသောအမွေမြေကို၎င်း၊ လူနည်းလျှင် နည်းသော အမွေမြေကို၎င်း၊ အနည်းအများအလိုက်အသီးသီးတို့အား အမွေမြေကိုဝေပေးရမည်။

တော​လည် 26