31. အသရေလမှဆင်းသက်သော အာသရေလိအဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိအဆွေအမျိုး၊
32. ရှမိဒမှဆင်းသက်သော ရှမိဒိအဆွေအမျိုး၊ ဟေဖာမှဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း။ မာခိရ၏သားဂိလဒ်မှဆင်းသက်သော ဂိလဒိအဆွေအမျိုးတည်း။
33. ဟေဖာ၏သားဇလောဖဒ်၌ကား၊ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ ဇလောဖဒ်၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
34. ဤသူတို့သည် မနာရှေအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ငါးသောင်းနှစ်ထောင်ခုနစ်ရာရှိသတည်း။
35. ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ်၏သားဟူမူကား၊ ရှုသလမှ ဆင်းသက်သော ရှုသလိအဆွေအမျိုး၊ ဗေခါမှဆင်းသက်သော ဗေခရိအဆွေအမျိုး၊ တာဟန်မှ ဆင်းသက်သော တာဟနိအဆွေအမျိုးတည်း။
36. ရှုသေလ၏သားဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း။