တော​လည် 26:26-35 Judson Bible (BJB)

26. ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန်၏သားဟူမူကား၊ သရက်မှ ဆင်းသက်သောသရဒိအဆွေအမျိုး၊ ဧလုန်မှဆင်းသက်သော ဧလောနိအဆွေအမျိုး၊ ယာလေလမှဆင်းသက်သော ယာလေလိအဆွေအမျိုးတည်း။

27. ဤသူတို့သည် ဇာဗုလုန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခြောက်သောင်းငါးရာရှိသတည်း။

28. ဘိုးဘအဆွေအမျိုးအလိုက် ယောသပ်၏သားမနာရှေနှင့် ဧဖရိမ်တို့တွင်

29. မနာရှေ၏သားဟူမူကား၊ မာခိရမှဆင်းသက်သော မာခိရိ အဆွေအမျိုး၊

30. ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေအမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိအဆွေအမျိုး၊

31. အသရေလမှဆင်းသက်သော အာသရေလိအဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိအဆွေအမျိုး၊

32. ရှမိဒမှဆင်းသက်သော ရှမိဒိအဆွေအမျိုး၊ ဟေဖာမှဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း။ မာခိရ၏သားဂိလဒ်မှဆင်းသက်သော ဂိလဒိအဆွေအမျိုးတည်း။

33. ဟေဖာ၏သားဇလောဖဒ်၌ကား၊ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ ဇလောဖဒ်၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။

34. ဤသူတို့သည် မနာရှေအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ငါးသောင်းနှစ်ထောင်ခုနစ်ရာရှိသတည်း။

35. ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ်၏သားဟူမူကား၊ ရှုသလမှ ဆင်းသက်သော ရှုသလိအဆွေအမျိုး၊ ဗေခါမှဆင်းသက်သော ဗေခရိအဆွေအမျိုး၊ တာဟန်မှ ဆင်းသက်သော တာဟနိအဆွေအမျိုးတည်း။

တော​လည် 26