17. အာရုဒ်မှဆင်းသက်သော အာရောဒိအဆွေအမျိုး၊ အရေလိမှဆင်းသက်သော အရေလိတ်အဆွေအမျိုးတည်း။
18. ဤသူတို့သည်ဂဒ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းငါးရာရှိသတည်း။
19. ယုဒ၏သားဟူမူကား၊ ခါနာန်ပြည်၌သေသောဧရနှင့် ဩနန်အစရှိသော၊
20. ဘိုးဘအဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက်သော ရှေလနိအဆွေအမျိုး၊ ဖာရဇ်မှဆင်းသက်သော ဖာရဇိအဆွေအမျိုး၊ ဇေရမှဆင်းသက်သော ဇေရဟိ အဆွေအမျိုးတည်း။
21. ဖာရဇ်၏သား၊ ဟေဇရုံမှဆင်းသက်သော ဟေဇေရောနိအဆွေအမျိုး၊ ဟာမုလမှဆင်းသက်သော ဟာမုလိအဆွေအမျိုးတည်း။
22. ဤသူတို့သည်ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင်ငါးရာ ရှိသတည်း။
23. ဘိုးဘအဆွေအမျိုးအလိုက် ဣသခါ၏သားဟူမူကား၊ တောလမှဆင်းသက်သော တောလိအဆွေအမျိုး၊ ဖုဝါမှဆင်းသက်သော ဖုဝနိအဆွေ အမျိုး၊
24. ယာရှုပ်မှဆင်းသက်သော ယာရှုဘိအဆွေအမျိုး၊ ရှိမရုန်မှဆင်းသက်သော ရှိမရောနိအဆွေအမျိုးတည်း။
25. ဤသူတို့သည် ဣသခါအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခြောက်သောင်းလေးထောင်သုံးရာရှိသတည်း။
26. ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန်၏သားဟူမူကား၊ သရက်မှ ဆင်းသက်သောသရဒိအဆွေအမျိုး၊ ဧလုန်မှဆင်းသက်သော ဧလောနိအဆွေအမျိုး၊ ယာလေလမှဆင်းသက်သော ယာလေလိအဆွေအမျိုးတည်း။
27. ဤသူတို့သည် ဇာဗုလုန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခြောက်သောင်းငါးရာရှိသတည်း။
28. ဘိုးဘအဆွေအမျိုးအလိုက် ယောသပ်၏သားမနာရှေနှင့် ဧဖရိမ်တို့တွင်