တော​လည် 24:19-25 Judson Bible (BJB)

19. အစိုးရသောသူတပါးသည်၊ ယာကုပ်အမျိုးထဲကထွက်၍၊ ကျန်ကြွင်းသောမြို့သူမြို့သားတို့ကို ဖျက်ဆီးလိမ့်မည်ဟု မြွက်ဆို၏။

20. တဖန်အာမလက်ပြည်ကိုကြည့်ရှု၍ ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အာမလက်အမျိုးသည် လူမျိုးတကာတို့ထက် အထွဋ်ဖြစ်ဘူးသော်လည်း၊ အဆုံး၌ ရှင်းရှင်းပျက်စီးခြင်းသို့ရောက်လိမ့်မည်ဟု မြွက် ဆို၏။

21. တဖန် ကေနိအမျိုးသားတို့ကိုကြည့်ရှု၍ ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ သင်တို့နေရာသည်အားကြီး၏။ ကျောက်ပေါ်မှာ အသိုက်ကို လုပ်ကြပြီ။

22. သို့သော်လည်း အာရှုရိမင်းသည်သိမ်းယူ၍မသွားမှီတိုင်အောင်၊ ကေနိအမျိုးသည် အမျက်ကိုခံရလိမ့်မည်ဟု မြွက်ဆို၏။

23. တဖန်ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အလိုလေ့၊ ဤအမှုကို ဘုရားသခင်စီရင်တော်မူသောအခါ၊ အဘယ်သူသည် အသက်ချမ်းသာ ရလိမ့်မည်နည်း။

24. သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ၍ အာရှုရိပြည်ကို၎င်း၊ ဟေဗာပြည်ကို၎င်း နှောင့်ရှက်ကြလိမ့်မည်။ သူတို့သည်လည်း ရှင်းရှင်းပျက်စီးကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊

25. ဗာလမ်သည်ထ၍ မိမိနေရာအရပ်သို့ပြန်သွား၏။ ဗာလက်မင်းသည်လည်း သွားလေ၏။

တော​လည် 24