တော​လည် 24:12-17 Judson Bible (BJB)

12. ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့်ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊

13. ထာဝရဘုရား၏ပညတ်တော်ကိုလွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှုတစုံတခုကို ကိုယ်အလိုအလျောက်ငါမပြုနိုင်။ ထာဝရဘုရားမိန့်တော်မူသမျှကို ငါပြောပါမည်ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီမဟုတ်လော။

14. ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ငါသွားတော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည်မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီး အားကြားပြောပါမည်ဟု ဗာလက်မင်းအားပြန်ဆိုပြီးမှ၊

15. ပရောဖက်စကားအားဖြင့်မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ်၏စကား၊

16. ဘဝင်ဖြစ်၍မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ အမြင့်ဆုံးသောဘုရားပေးတော်မူသော ဉာဏ်ကိုရ၍၊ ဘုရားသခင်၏အမိန့်တော်ကို ကြားသောသူ၏စကားဟူမူကား၊

17. ထိုအရာကိုငါမြင်၏။ သို့သော်လည်း ယခုမဖြစ်ရသေး။ ထိုအရာကိုငါရှု၏။ သို့သော်လည်း ဖြစ်ရသောအချိန်မနီးသေး။ ကြယ်တလုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး၌ ထင်ရှားလိမ့်မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက်၍ မငြိမ်မဝပ်ရုန်းရင်းခပ်ပြုတတ်သော သူအပေါင်းတို့ကိုဖျက်ဆီးလိမ့်မည်။

တော​လည် 24