တော​လည် 22:38-41 Judson Bible (BJB)

38. ဗာလမ်က၊ မင်းကြီးထံသို့ငါလာပါပြီ။ သို့ရာတွင် ငါသည်စကားတခွန်းကိုမျှ ပြောပိုင်သလော။ ငါ့နှုတ်၌ ဘုရားသခင်ထားတော်မူသောစကားကိုသာ ငါပြောပါ မည်ဟု ပြန်ပြောပြီးမှ၊

39. ဗာလက်မင်းနှင့်အတူလိုက်၍ ကိရယဿုဇုတ်မြို့သို့ ရောက်ကြ၏။

40. ဗာလက်မင်းသည်လည်း၊ သိုးနွားတို့ကိုပူဇော်၍ ဗာလမ်နှင့် အရာရှိတို့အား ပေးလိုက်လေ၏။

41. နက်ဖြန်နေ့၌ ဗာလက်မင်းသည် ဗာလမ်ကိုခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန်အစင်ပြခြင်းငှါ ဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ပို့ဆောင်လေ၏။

တော​လည် 22