တော​လည် 22:1-4 Judson Bible (BJB)

1. တဖန် ဣသရေလအမျိုးသားတို့သည်ခရီးသွား၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ တဲဆောက်ကြ၏။

2. အာမောရိအမျိုးသားတို့၌ပြုကြသော အမှုအလုံးစုံကို၊ ဇိဖော်သားဗာလက်မင်းသိမြင်လျှင်၊

3. ဣသရေလအမျိုးသားတို့သည် များပြားသောကြောင့်၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ကြ၍၊

4. နွားသည် မြက်ပင်ကိုလှမ်း၍စားသကဲ့သို့ ဤအလုံးအရင်းသည် ငါတို့ပတ်လည်၌ ရှိသမျှကိုလှမ်း၍စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန်ပြည်သား အသက်ကြီးသူတို့အားဆိုကြ၏။ ထိုအခါ ဇိဖော်သားဗာလက်သည်၊ မောဘရှင်ဘုရင်ဖြစ်သည်နှင့်၊

တော​လည် 22