တော​လည် 20:7-11 Judson Bible (BJB)

7. ထာဝရဘုရားကလည်း၊

8. လှံတံတော်ကိုကိုင်ယူ၍ သင်၏အစ်ကိုအာရုန်ပါလျက်၊ ပရိသတ်များကို စုဝေးစေလော့။ သူတို့ရှေ့မှာကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကို ထွက်စေ၍၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အားသောက်ဘို့ ရေကိုပေးရမည်ဟု၊

9. မောရှေအားမိန့်တော်မူသည်အတိုင်း၊ မောရှေသည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ၍၊

10. အာရုန်ပါလျက်၊ ပရိသတ်တို့ကိုကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုံတို့၊ နားထောင်ကြလော့။ ငါတို့သည်သင်တို့အဘို့ ဤကျောက်ထဲက ရေကိုထွက်စေရမည်လောဟုဆိုလျက်၊

11. မိမိလက်ကိုဆန့်၍ ကျောက်ကိုလှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့်၊ ရေသည် များစွာထွက်၍၊ လူပရိသတ်တို့နှင့် တိရစ္ဆာန်တို့သည်သောက်ရကြ၏။

တော​လည် 20