တော​လည် 20:27-29 Judson Bible (BJB)

27. မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့သည်ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့တက်ကြ၏။

28. မောရှေသည် အာရုန်၏အဝတ်ကိုချွတ်၍ သားဧလာဇာကိုဝတ်စေပြီးမှ၊ အာရုန်သည် တောင်ထိပ်၌သေလေ၏။ မောရှေနှင့် ဧလာဇာတို့သည်တောင်ပေါ်က ဆင်းလာကြ၏။

29. အာရုန်သည်အနိစ္စရောက်ကြောင်းကို ပရိသတ်အပေါင်းတို့သည် သိမြင်သောအခါ၊ ဣသရေလအမျိုးသားရှိသမျှတို့သည်၊ အာရုန်အတွက် အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။

တော​လည် 20