18. အနောက်မျက်နှာ၌ ဧဖရိမ်တပ်အလုံးအရင်းသည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
19. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ လေးသောင်းငါးရာရှိသတည်း။
20. ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါဇုရသားဂါမလေလျလသည်၊ မနာရှေအမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။
21. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။
22. ထိုနောက်ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသားအဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။
23. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။