တော​လည် 2:12-28 Judson Bible (BJB)

12. ရုဗင်တပ်အနားမှာရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲသားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

13. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းကိုးထောင် သုံးရာရှိသတည်း။

14. ထိုနောက်ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ်သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

15. သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်းငါးထောင် ခြောက်ရာငါးဆယ်ရှိသတည်း။

16. ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေအတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယတပ်အရာ၌ ချီရကြမည်။

17. ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာတဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည်အတိုင်း လူအသီးသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သောအလံနှင့်အတူ လိုက်လျက်ချီရကြမည်။

18. အနောက်မျက်နှာ၌ ဧဖရိမ်တပ်အလုံးအရင်းသည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

19. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ လေးသောင်းငါးရာရှိသတည်း။

20. ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါဇုရသားဂါမလေလျလသည်၊ မနာရှေအမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။

21. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။

22. ထိုနောက်ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသားအဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။

23. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။

24. ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေအတွက်ကား၊ တသိန်းရှစ်ထောင်တရာရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ချီရကြမည်။

25. တပ်များမြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်းသည် ဒန်အလံကိုထူ၍ အမိရှဒ္ဒသားအဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 

26. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ ခြောက်သောင်း နှစ်ထောင်ခုနစ်ရာရှိသတည်း။

27. ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန်သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။

28. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ လေးသောင်းတထောင်ငါးရာ ရှိသတည်း။

တော​လည် 2