1. တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊
2. ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သောအလံအနားမှာ ပရိသတ်စည်းဝေးရာတဲတော်ကို ရှေ့ရှု ပြု၍နေရာချရမည်။
3. နေထွက်ရာအရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သောအလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သားနာရှုန်သည် ယုဒအမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။